ခန်းမသို့လည်ပတ်ခြင်း

ရန်ကုန်ကွန်ဗေးရှင်းစင်တာမှ ကာစတမ်မာများအား အကောင်းဆုံးသော ဝန်ဆောင်မှုများကိုပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ကျွနု်ပ်တို့ ရန်ကုန်ကွန်ဗေးရှင်းစင်တာသည် စင်တာအုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး ကျွမ်းကျင်ပိုင်နိုင်မှုရှိစွာဖြင့် လူကြီးမင်းတို့၏ပွဲများကို အောင်မြင်အောင်ကျင်းပနိုင်ရန် လမ်းညွှန်ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့ဝန်ထမ်းများမှလည်း သင်တို့မျှော်မှန်းထားသော ရလဒ်များရရှိစေရန် ကူညီပေးဖို့အမြဲအသင့်ရှိနေပါသည်။

ခန်းမသို့လည်ပတ်ခြင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့နိုင်ငံတကာလေကြောင်းလိုင်းများဆိုက်ရောက်နိုင်ပါသည်(IATA code: RGN)။ အာရှနိုင်ငံအများစု၏ လေကြောင်းလိုင်းများတွင် ရန်ကုန်သို့ပြေးဆွဲနေသောလေယာဉ်ပျံများရှိပြီး ပျံသန်းရန်ကြာချိန်မှာစုစုပေါင်း ၃နာရီခန့်ဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှYCC သို့ ကားဖြင့် ကမ္ဘာအေးဘုရားလမ်းအတိုင်း လာရောက်လျှင် ရောက်ရှိရန် ကြာမြင့်ချိန်မှာ ၂၅မိနစ်ခန့် (၁၀ကီလိုမီတာခန့်) သာဖြစ်ပြီး၊ လေဆိပ်မှ မြို့ထဲသို့သွားရောက်ရန်အတွက် မိနစ် ၅၀ခန့်ကြာမြင့်နိုင်ပါသည်။ Grab နှင့် Hello အစရှိသော ပရိုဂရမ်များကို အသုံးပြု၍ အငှားကားများကို ငှားရမ်းနိုင်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ YCC သို့ ကားဖြင့် ကမ္ဘာအေးဘုရားလမ်းအတိုင်း လာရောက်လျှင် ရောက်ရှိရန် ကြာမြင့်ချိန်မှာ ၂၅မိနစ်ခန့် (၁၀ ကီလိုမီတာခန့်) သာဖြစ်ပြီး၊ လေဆိပ်မှ မြို့ထဲသို့သွားရောက်ရန်အတွက် မိနစ် ၅၀ခန့်ကြာမြင့်နိုင်ပါသည်။

ခန်းမတည်နေရာ

ရန်ကုန်ကွန်ဗေးရှင်းစင်တာသည် ရန်ကုန်မြို့၏ အချက်အချာကျ၍ ရှေးဟောင်းသမိုင်းဝင် အင်းလျားလိတ်ဟိုတယ်ဝန်းအတွင်းတွင် တည်ရှိပါသည်။ လိပ်စာမှာ နံပါတ် (၃၇)၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဦးထွန်းငြိမ်းလမ်း၊ မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့ဖြစ်ပါသည်။

YCC ၏ အနီးဝန်းကျင်

ရန်ကုန်ကွန်ဗေးရုင်းစင်တာ၏ ဘေးပတ်ဝန်းကျင်တွင်အဆင့်မြင့်ဟိုတယ်ကြီးများနှင့် ဈေးဝယ်စင်တာများ၏အလယ်တွ၍ရန်ကုန်မြို့၏ အချက်အချာကျသောနေရာတစ်ခုလည်းဖြစ်ပါသည်။

Transportation

Parking & Disable Access

ရန်ကုန်ကွန်ဗေးရှင်းစင်တာတွင် အရေးပေါ်ယာဉ်များရပ်နားထားရှိရန် ကားပါကင်များကိုလည်း အသင့်ထားရှိပါသည်။

မြန်မာနိုင်ငံ၏အကြောင်းအရာများ

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အရှေ့တောင်အာရှတွင်တည်ရှိ၍ အိန္ဒိယ၊ တရုတ် နှင့် ထိုင်းနိုင်ငံတို့နှင့်ဆက်စပ်လျက်ရှိပါသည်။ ယခင်က ဗမာနိုင်ငံဟူ၍လည်း ခေါ်ဝေါ်ခဲ့ပြီး စီးပွားရေးအရအအရေးပါသော မြို့တစ်မြို့ ဖြစ်ပါသည်။
နိုင်ငံသို့အဓိကဝင်ပေါက်ရှိရာမြို့လည်းဖြစ်ပါသည်။ ရန်ကုန်မြို့သည် စီးပွားရေးလုပ်ငန်းများ အမျာဆုံးလုပ်ဆောင်ရာ နေရာတစ်ခုလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အောက်ဖော်ပြပါ website များတွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန http://tourism.gov.mm/
အလုပ်သမားရေးရာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူဦးရေနှင့်ဆိုင်သောဝန်ကြီးဌာန http://evisa.moip.gov.mm/

Myanmar Gallery

သယ်ယူပို့ဆောင်ရေး

ရန်ကုန်ကွန်ဗေးရှင်းစင်တာသည် ရန်ကုန်မြို့၏ အချက်အချာကျသောနေရာတွင်တည်ရှိ၍ ရှေးဟောင်းသမိုင်းဝင် အင်းလျားလိတ်ဟိုတယ်ဝင်း၊ မရမ်းကုန်းမြို့နယ် တွင်တည်ရှိပါသည်။ အနီးဝန်းကျင်တွင် နိုင်ငံတကာအဆင့်မှီ ဟိုတယ်ကြီးများ၊ ဈေးဝယ်စင်တာကြီးများနှင့် လှည့်ပတ်ကြည့်ရှုရာနေရာများသို့ မိနစ်အနည်းငယ်အတွင်းရောက်ရှိနိုင်ပါသည်။

၀န်ဆောင်မှုပေးခြင်း

ရန်ကုန်ကွန်ဗေးရှင်းစင်တာတွင်customerများစိတ်ကျေနပ်မှုရှိစေရန်အကောင်းဆုံးနိုင်ငံတကာအတွေ့အကြုံရှိ၍အကောင်းဆုံးသောဝန်ဆောင်မှုများဖြင့်customeများ၏ပွဲများကိုအောင်မြင်မှုရရှိစေရန်ကူညီလုပ်ဆောင် ပေးလျက်ရှိပါသည်။

Center Tour Enquiry Form

စင်တာသို့လာရောက်လေ့လာလိုပါက အောက်ဖော်ပြပါ လျှောက်လွှာတွင် လာရောက်လိုသောရက်နှင့်တက်ရောက်မည့် လူဦးရေအား ဖြည့်သွင်းပါ။ သက်ဆိုင်ရာဌာနရှိ တာဝန်ရှိသူမှ ပြန်လည်ဆက်သွယ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပါမည်။ ဝင်ရောက်လေ့လာမှုကို စင်တာ၏ညွှန်ကြားချက်နှင့် ဝန်ထမ်းများအားသည့်အချိန်ညှိနှိုင်း၍ လာရောက်လေ့လာနိုင်ပါသည်။