မိဘများနှင့်ရင်သွေးငယ်လေးများအတွက် အသိပညာ နှင့် ဗဟုသုတများ နှီးနှောဖလှယ်ပွဲ ၂၀၁၉

မိဘများနှင့်ရင်သွေးငယ်လေးများအတွက် အသိပညာ နှင့် ဗဟုသုတများ နှီးနှောဖလှယ်ပွဲ ၂၀၁၉

Event Date: 4th and 5th May 2019

ဒီပွဲကြီးကို မေလ ၄ ရက်နေ ့နှင့် ၅ရက်နေ့ နှစ်ရက်တိုင်တိုင်ကြီးကျယ်ခမ်းနားစွာ မတူညီတဲ့ ပုံစံများဖြင့် ကျင်းပသွားမှာဖြစ်ပါတယ်။

မေလ ၄ရက်နေ့တွင် အဓိကအားဖြင့် 🤰+🤱

– မိခင်တစ်ယောက် ကိုယ်ဝန်ဆောင်သည့်အချိန်မှစပြီး လိုအပ်သော ကိုယ်ဝန်စောင့်ရှောက်ထိန်းသိမ်းနည်းများ

– လေ့ကျင့်ခန်းများ

– မှန်ကန်စွာနို့ချိုတိုက်ကျွေးနည်းများ

– မီးဖွားပြီးခံစားရသောဝေဒနာများ ကျော်လွှားနိုင်ရန်နည်းလမ်းကောင်းများ နှင့်

မေလ ၅ရက်နေ့တွင် မိဘများအတွက် 👶🧒

– ကလေးပြုစုပျိုးထောင်ရေးနှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ၊

– ကလေးများအတွက်လိုအပ်သောအဟာရဆိုင်ရာများ

– ကလေးနှင့်ပတ်သက်သော တခြားလိုအပ်သည့်ဗဟုသုတများကို

နှစ်ရက်ခွဲပြီး သက်ဆိုင်ရာ သားဖွားမီးယပ် ဆရာဝန်ကြီးများ အဟာရဆရာဝန်ကြီးများ ကလေးဆရာဝန်ကြီးများ နှင့် ကျွမ်းကျင်သူများမှ အချိန်ဇယားများအပြည့် Seminar / talkshow ပုံစံများဖြင့် ထိရောက်သော နည်းလမ်းကောင်းများကို မျှဝေရင်း ယနေ့ခေတ် ကျန်းမာကြံ့ခိုင်ပြီးတက်ကြွသော အနာဂတ် ရင်သွေးငယ်လေးများ ပေါ်ထွန်းလာကြစေရန်ရည်ရွယ်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးမီးဖွားပြီးသောသူများ၊ မိခင်လောင်းများ၊ ကလေးငယ်များ အား အထောက်အကူပြုကုန်ပစ္စည်းများ ၊ ဝန်ဆောင်မှုများလည်းပူပေါင်းပါဝင် ပြသသွားမည်ဖြစ်သည်။

နိုင်ငံတကာမှလာရောက်ဖွင့်လှစ်ထားသောဆေးရုံ ရုံးခွဲများ မှစပြီး ကလေးနဲ့ပတ်သက်သော ကလေးပစ္စည်းbrand အစုံမှ အထူးစျေးနှုန်းများဖြင့်ရောင်းချပေးမည့်အစီအစဉ်များ အပြင် မိဘတိုင်း ရွေးချယ်ရန် အခက်ကြုံနေရသော Nursery, Pre-school, International school များပါလေ့လာ ရွေးချယ်နိုင်စေရန် တစ်နေရာတည်းတစ်စုတစ်စည်းတည်းကို မတူညီသော ပုံစံများဖြင့်နဲ့တင်ဆက်ပြသသွားမှာပါ။

ပြပွဲကြီးကိုလာရောက်လည်ပတ်ကြသော မိဘများနှင့်ကလေးများပါ အဆင်ပြေချောမွေ့စေရန် နိုင်ငံတကာအဆင့်မှီ ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသော

Yangon Convention Center (YCC) (အင်းယားလိတ်ဟိုတယ် ဝင်းအတွင်း) ခန်းမကြီးတွင် မေလ ၄ ရက်နေ့နှင့် ၅ရက်နေ့များတွင်စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်သောကြောင့် လာရောက်လေ့လာကြဖို့ဖိတ်ခေါ်အပ်ပါတယ်🙏🏻

ပြပွဲအတွင်းပါဝင်ပြသလိုသောလုပ်ငန်းရှင်များအနေဖြင့် 09-260993115, 09-43076770, 09-43076771 များသို့စုံစမ်းမေးမြန်းနိုင်ပါသည်။