World Marketing Summit Myanmar (WMS) 2019

World Marketing Summit Myanmar (WMS) 2019

Event Date: Oct 6 2019

Philip Kotler ကို မြန်မာပြည် ထပ်မံခေါ်လာနိုင်ခဲ့ပါပြီ။ မိတ်ဆွေ marketer တစ်ယောက်ဆိုရင် Philip Kotler ရဲ့ အသင်အပြတွေနဲ့ ကင်းမှာမဟုတ်ပါဘူး။ မမှတ်မိဘူးဆိုရင် မိတ်ဆွေ ဘာကြောင့် Philip Kotler မြန်မာပြည်မှာလာတာကို လက်လွတ်မခံသင့်လည်း ဖတ်လိုက်ရအောင်။

Marketing ကောင်းကင်ယံမှာ အတောက်ပဆုံးလမ်းပြကြယ်ဖြစ်တဲ့ Philip Kotler ဟာ မြန်မာပြည်မှာပြုလုပ်မယ့် World Marketing Summit Myanmar 2019 တွင် လာရောက်ဟောပြောမယ့် ပုဂ္ဂိုလ်များထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

Philip Kotler ဟာ အမေရိကန် Marketing ပါမောက္ခ, စာရေးဆရာ, အကြံပေးပုဂ္ဂိုလ် တစ်ဦးဖြစ်ပါတယ်။ Marketing နဲ့မကင်းတဲ့သူတိုင်း Philip Kotler ကိုသိကြပါတယ်။ Philip Kotler ဟာ Marketing စာအုပ်ပေါင်း၆၀ကျော်ကို ရေးသားပြုစုခဲ့ပြီး ယနေ့ခေတ် Modern Marketing ရဲ့ ဖခင်ကြီးဆိုလည်း မမှားပါဘူး။

Philip Kotler ကို မေလ (၂၇) ရက်၊ ၁၉၃၁ ခုနှစ်မှာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင်မွေးဖွားခဲ့ပြီး ယခုအချိန်မှာတော့ အသက် (၈၈) နှစ်ရှိပြီ ဖြစ်သောဝါရင့် Marketing Guru ကြီးတစ်ဦးဖြစ်ပါတယ်။ ဝယ်လိုအား ဟာ ဈေးနှုန်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကြော်ငြာ၊ Sales Promotion နဲ့ ဖြန့်ဖြူးရေးလမ်းကြောင်း တွေ အပေါ်မှာ မူတည်နေပြီး စီးပွားရေးရဲ့ မရှိမဖြစ်ယန္တရားဆိုတာကို သိရှိလိုက်ရချိန်မှာ Philip Kotler ဟာ Marketing လောကထဲသို့ ဝင်ရောက်လာခဲ့ပါတယ်။

Kotler ဟာ Master’s Degree in Economic ဖြင့် The University of Chicago မှ ဘွဲ့ရရှိခဲ့ပြီး The Massachusetts Institute of Technology မှ စီးပွားရေးပါမောက္ခဘွဲ့ ထပ်မံရရှိခဲ့ပါတယ်။ လက်ရှိမှာ Northwestern University ၏ Kellogg School of Management မှာ International Marketing ဘာသာရပ် ပါမောက္ခအဖြစ် မျိုးဆက်သစ် လူငယ်များကို မွေးထုတ်ပေးနေပါတယ်။ Philip Kotler ဟာ Marketing Mix ရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ Philip Kotler ရေးသားပြုစုခဲ့သော အောင်မြင်ကျော်ကြား ခဲ့သည့် စာအုပ်အချို့ကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

1. Marketing Management
2. Principles of Marketing
3. Kotler on Marketing
4. Marketing insights from A to Z
5. Marketing 4.0
6. Marketing Places
7. Marketing of Nations
8. Chaotics
9. Market Your Way to Growth
10. Winning Global Market
11. Social Marketing
12. Marketing for Health Care Organizations
13. Up and Out of Poverty
14. Winning at Innovation စသည်တို့ပဲဖြစ်ပါတယ်။

Marketing နှင့်ပတ်သက်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် ၁၉၇၅ ခုနှစ်မှာ American Marketing Association မှ ချီးမြှင့်သော ” Leader in Marketing” ဆုကို ရရှိခဲ့ပါတယ်။ The Financial Times ၏၂၀၀၅ ခု၊ နိုဝင်ဘာလ (၁၈) ရက် စာရင်းကောက်တမ်းအရ နိုင်ငံပေါင်း (၂၅) နိုင်ငံမှ အမှုဆောင်အရာရှိပေါင်း (၁၀၀၀) တွင် နံပါတ် (၄) နေရာကို ထိုက်တန်စွာ ရရှိခဲ့ပြန်ပါတယ်။

၂၀၁၃ ခု ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ American Marketing Association က ချီးမြှင့်တဲ့ ” Marketing for a Better World” title ဆုကို ပထမဆုံးရရှိသူ အဖြစ် လက်ခံရယူနိုင်ခဲ့ပြန်ပါတယ်။

၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့မှာ ကမ္ဘာ့အကျော်ကြားဆုံး စဉ်းစားသူ (၅၀)စာရင်း မှာထည့်သွင်း သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ၂၀၁၄ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကမ္ဘာ့ထိပ်တန်း စီမံခန့်ခွဲမှု ကျွမ်းကျင်သူ အယောက် (၃၀) မှာ နံပါတ် (၁၆) နေရာ၌ ပါဝင်ခဲ့ပြန်ပါတယ်။

Philip Kotler ဟာ Marketing လောကကိုအများဆုံး ဦးဆောင်လမ်းပြအကျိုးပြုခဲ့သူဖြစ်ပြီး ယခုအချိန်ထိ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေဆဲဖြစ်ပါတယ်။

World Marketing Summit Myanmar 2019 ရဲ့ လက်မှတ်များကိုတော့ အောက်က Link မှာ ဝင်ရောက်လေ့လာနိုင်ပါပြီ။

https://buy.wmsmyanmar.com/teaser

#Redefining_Marketing_Myanmar
#World_Marketing_Summit