တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းရှင်များ လာရောက်ခင်းကျင်းပြသမည့် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၄
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းရှင်များ လာရောက်ခင်းကျင်းပြသမည့် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကြီးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆၊၇၊၈ ရက်တို့တွင် Inya Lake Hotel, Yangon Convention Center (YCC) မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီကုန်စည်ပြပွဲကြီးကို တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှ ကူးသန်းရောင်းဝယ် ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association in Myanmar (CTGA) တို့ပူးပေါင်းကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီကုန်စည်ပြပွဲကြီးမှာ တရုတ်နိုင်ငံမှ အထည်အလိပ်၊ အဝတ်အထည်၊ ဖိနပ်နှင့် အိတ် ထုတ်လုပ်သူ (၁၀၀) ကျော်တို့ရဲ့ ထုတ်ကုန်များကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Made in Myanmar ထုတ်ကုန်များဖြစ်တဲ့ အဝတ်အထည်၊ ပြည်တွင်းထုတ် ဖိနပ်နှင့် အိတ်များကိုလည်း ပြသသွားမှာဖြစ်ပြီး ပြည်တွင်း SME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်း ၊ မိတ်ဆက်ခြင်းများကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကြီးကို စိတ်ပါဝင်စားသူများအနေနဲ့ ဒီဇင်ဘာလ ၆၊၇၊၈ ရက်တို့တွင် Inya Lake Hotel, Yangon Convention Center (YCC) သို့ လာရောက်ကြည့်ရှုလေ့လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Copyright© 2024 Yangon Convention Centre
Developed by Digital Dots